နာဂစ် နှင့် ကျွန်တော့်စီမံချက်
၁။မိမိတို့သွားရောက် နိုင်သည့် ဒေသ ရွေးချယ်ခြင်း (ဘိုကလေး၊လက်ပွတ္တာ၊ပုသိမ်၊မြောင်းမြ၊မော်ကျွန်း)
၂။သတင်းအချက်အလက် ဆက်သွယ်ရယူ စုဆောင်းခြင်း
၃။သတင်းထုတ်ပြန်ပေးခြင်း
၎။ဘဏ္ဍာငွေရှာဖွေခြင်းနှင့် လှုတန်းပစ္စည်းများလက်ခံခြင်း
၅။အလှုရှင်များ၏ကိုယ်စား ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးကမ်းလှုဒါန်းခြင်း နှင့် မှတ်တမ်းတင်ခြင်း
၆။ကိုယ်တိုင်မလိုက်နိုင်သောအလှုရှင်မျာအား ပြန်လည်တင်ပြ အစီရင်ခံခြင်း
၇။လုပ်ငန်းစဉ်အားလုံးကို ပြန်လည်သုံးသပ်ခြင်း
နာဂစ် နှင့် ကျွန်တော့်၏ခံယူချက်
မိတ်ဆွေအပေါင်းတို့ရေ
အားလုံးသိကြ မြင်ကြ ကြားကြရတဲ့အတိုင်း နာဂစ် မုန်တိုင်းကတော့ ကွှန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမများနေထိုင်ရာ ဧရာဝတီမြစ်ဝကွှန်းပေါ်ဒေသကို
နာနာကစ်ပြီးသွားခဲ့ပါသည်။သည်မုန်တိုင်းဒဏ်ကြောင့် ပြည်သူ တစ်သိန်းခန့် သေကျေပျက်ဆီး ခဲ့ရပြီး၊ ထောင်ပေါင်းများစွာသောပြည်သူတို့ အိုးမဲ့အိမ်မဲ့
ဖြစ်ကြ၊ ခိုကိုးရာမဲ့ဖြစ်ကြ၊ စားစရာမရှိဝတ်စရာမကျန်၊ မိသားစုမစုံတဲ့ဘ၀မှာ ဒုက္ခတွေကပင်လည်ဝေ…….သောကတွေကရင်မှာမပြေ………..
ဒီသောကတွေ ဒုက္ခတွေ အေးငြိမ်းပြေပျောက်ဖို့ရန်ကတော့ နှစ်ပေါင်းများစွာအချိန်ယူပြီး ကုစားကြရပေလိမ့်အုံးမည်… ပြန်လည်ထူထောင်ရေးအတွက်
ဆောင်ရွက်ပေးကြရအုံးမည်…..
ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သေကံမရောက် သက်မပျောက် ကျန်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ သွေးချင်းများကို ကျွန်တော်
တို့တက်စွမ်းသလောက် ကူညီပေးကြရမည်မှာ ကျွန်တော်တို့အားလုံး၏ အမျိုးသားရေး တာဝန်တရပ်ဟု ခံယူလျက်………
ခင်ဇော် (YIE)
Please support cyclone disaster relief in Burma
Burma’s most populated regions, Irrawaddy delta and three other states were ripped by cyclone Nargis, blasting 120-150 mile per hour winds which smashed into Burma on 2 and 3 May 2008. Irrawaddy Division has been severely affected. Latest information suggests more than 100,000 confirmed dead. The death toll is likely to rise with more than 40,000 people still missing. Over 1 million people are now homeless.
The public health catastrophe of the cyclone has already started. Diarrhoea is spreading very quickly and could wipe out survivors. Water and mosquito-borne diseases like cholera, dengue and malaria are serious concerns. The survivors desperately need shelter, clean water, food, basic health care and sanitation.
In order to help the victims of this deadly disaster, we are collecting funds in Yangon. Any donation will be deeply appreciated and it will go a long way to help.
မုန်တိုင်းကတော့ပြီးသွားပါပြီ…ဒါပေမယ့်..ဒဏ်ရာတွေကတော့
မုန်တိုင်းတိုက်ရန် ၃ နာရီသာလိုချိန် ည ၉ နာရီ(ရန်ကုန်မြို့အနီးသို့ပင် မုန်တိုင်းရောက်ရှိနေ) မိုးလေးဝသသတင်းတွင် မုန်တိုင်းသတင်းဘာမျှ ထူးထူးခြားခြား ကြေညာခြင်းမပြုနိုင်သော၊ စွမ်းဆောင်ရည်ညံ့ဖျင်းသော၊ စနစ်တကျစီမ့ခန့်ခွဲမှုမပြုနိုင်သော၊ အပြောသမား ဦးထွန်းလွင် ထိုအဖွဲ့အစည်း ထိုပုဂိုလ် တို့၏ အားနည်းညံ့ဖျင်းမှု့ကြောင့် ကျွန်တော်တို့၏ ပြည်သူ ၁ သိန်း ခန့် အသက် ဆုံးရှုံး ခဲ့ရပြီး လူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။ ထို့ပြင် ပျက်စီး ဆုံးရှုံးမှုပမာဏမှာ မခန့်မှန်းနိုင်လောက်အောင်များပြားပြီး၊ နောက်ဆက်တွဲ ပြသနာများစွာကိုလည်း ကျွန်တော်တို့၏ ပြည်သူများအချိန်ကြာမြင့်စွာ ခံစားကြရပေတော့မည်။ဒါတွေအားလုံးရဲ့ တရားခံ ဘယ်သူလဲ???


-
Archives
- October 2009 (4)
- January 2009 (5)
- December 2008 (5)
- November 2008 (7)
- October 2008 (4)
- August 2008 (2)
- June 2008 (7)
- May 2008 (9)
- April 2008 (1)
- December 2007 (2)
- November 2007 (24)
-
Categories
-
RSS
Entries RSS
Comments RSS

