Charity For Human

If you are for all, all will be for you.

CFH Group လေးနဲ့မိတ်ဆက်ပေးပါရစေ။

သို့

မိတ်ဆွေသူငယ်ချင်းအပေါင်းတို့ရေ

ပထမဦးဆုံးအနေဖြင့် CFH Group လေးနဲ့မိတ်ဆက်ပေးပါရစေ။

CFH Group ဆိုတာ Charity For Human Group (လူသားအကျိုးပြု လူမှုရေးလုပ်ငန်းအဖွဲ့) ကို 2007 ခုနှစ် နိုဝင်ဘာလမှာ စီးပွားရေးတက္ကသိုလ် မှကျောင်းသားဟောင်း အများစုဖြင့် စတင်ဖွဲ့စည်း ခဲ့ကြပါတယ်။ အဲဒီနှစ်  နိုဝင်ဘာလ မှာပဲ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာရှိ မင်္ဂလာ ပရဟိတ မိဘမဲ့ကလေးများကျောင်း နှင့် တွံတေး ဘိုးဘွားရိပ်သာ တို့ကို သွားရောက်လှုဒါန်းခဲ့ကြပါတယ်။ ထို့အပြင် 2008 မေလတွင်ပေါ်ပေါက်ခဲ့သော နာဂစ်မုန်တိုင်းကြီးကြောင့် ဖြစ်ပေါ်လာသော လေဘေးဒုက္ခသည်များ ကိုလည်း တက်စွမ်းသ၍ ကူညီထောက်ပံ့ခဲ့ကြပါတယ်။

ဒီနှစ် 2008 ၊ တဆောင်မုန်းလပြည့်နေ့မှာ CFH Group အနေနဲ့ ပထမအကြိမ် ဒုတိယအကြိမ် တွေကလို မိတ်ဆွေသူငယ်ချင်း

တွေရဲ့ စုပေါင်းအင်အားနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မိဘမဲ့ကျောင်းလေးတကျောင်း၏ လိုအပ်တာများကို ကူညီဆောင်ရွက် လှုဒါန်းပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

ဒါကြောင့် မိတ်ဆွေသူငယ်ချင်းများအားလုံး ပါဝင်ကူညီ လှုဒါန်းနိုင်ရန် ကြိုတင် အကြောင်းကြား နှိုးဆော်တိုက်တွန်းအပ်ပါသည်။

မှတ်ချက်။          ။

၁။သွားရောက်လှုဒါန်းမည့်ကျောင်း နှင့် အစီအစဉ် အသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါမည်။

၂။အသုံးပြုပြီးသားစက္ကူများ ကို မိဘမဲ့ကလေးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထုတ်လုပ်ရေးစီမံကိန်း

ကိုလည်း စိတ်ပါဝင်စားသူများအားလုံး ပါဝင်ဆွေးနွေး အကြံပြုကူညီကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

၃။လူမှုရေးလုပ်ငန်းများကို ရေရှည်လုပ်ကိုင်နိုင်ရန် ဘဏ္ဍာငွေရှာဖွေရေး နည်းလမ်းများ ကိုလည်း

စိတ်ပါဝင်စားသူများအားလုံး ပါဝင်ဆွေးနွေး အကြံပြု ကြပါလို့   တိုက်တွန်းအပ်ပါသည်။

———————————————————————————————
(၁-၁၁-၀၈ မှ ၁၀-၁၁-၀၈ အထိ အလှုငွေနှင့် ပစ္စည်းများကို မိဘမဲ့ ကလေးများအတွက် ပါဝင်လှုဒါန်းနိုင်ပါကြောင်း။)

—————————————————————————————————————-

*လူမျိုးဘာသာ မခွဲတာ၊ နိုင်ငံရေးလည်း ကင်းရှင်းစွာ၊ လူသားတိုင်းအတွက်တို့ဆောင်ရွက် CFH ပါကွယ့်*

==============================================================

October 18, 2008 - Posted by charityforhuman | Uncategorized | | No Comments Yet

No comments yet.

Leave a comment