Charity For Human

If you are for all, all will be for you.

ACT သို့ အလည်တခေါက်

၂၈-အောက်တိုဘာလ-၂၀၀၈………မိုးတွေကတော့မိုးနှောင်းမုန်တိုင်းအရှိန်ကြောင့် မိုးတွေရွာနေဆဲ…..ကျွန်တော်ကတော့ တိုက်ကြီးကို သွားဖို့ ပြင်ဆင်နေခဲ့ပါတယ်….ရာသီဥတုကတော့ကိုယ့်ဘက်ကမပါ….မိုးတွေကသဲသဲမဲမဲ ရွာသွန်းမြဲ……ဒါပေမယ့် ကျွန်တော့ ချစ်သူလေးကတော့ ကျွန်တော့် ဘက်မှာရှိပြီးကျွန်တော်နဲ့အတူ အဖော်လိုက်ပေးခဲ့ပါတယ်……ရာသီဥတုကဆိုးဝါးနေပေမယ့် .သတ်မှတ်ရက်ကလည်းနီးနေ…

ကိုယ်တိုင်ကလည်းအားရက်သိပ်မရှိ….သူငယ်ချင်းတွေကိုပြန်ပြောပြဖို့ကလည်း ကိုယ်တိုင်မျက်မြင် လေ့လာခဲ့မှ အစဉ်ပြေမယ်လေ….

ဒီလိုနဲ့ ကျွန်တော်တို့ သခင်မြပန်းခြံရှေ့ ရန်ကုန် တိုက်ကြီး ကားဂိတ်မှာ ဆုံကြပြီး၊ ကားလက်မှတ်ဝယ်ပြီး ခရီးစခဲ့ကြပါတယ်။ ရန်ကုန်ပြည်လမ်းတလျှောက် မင်္ဂလာဒုံ အထိ ကျွန်တော်ကားပေါ်မှာ အိပ်ပျော်နေခဲ့ပါတယ်။ နိုးလာတော့ လမ်းဘေးဝဲယာ တလျှောက်မှာ စိမ်းစိုနေတဲ့ လယ်ကွင်းတွေကို တွေ့လိုက်ရတာနဲ့ အိပ်ချင်စိတ်လည်း ပျောက်သဘာဝရှု့ခင်းတွေကို သာငေးမောနေမိပါတော့တယ်…..သည်လိုနဲ့ ထောက်ကြံ့ မှော်ဘီ ကိုကျော်ပြီး ACT – အေးချမ်းသာမိဘမဲ့ ကျောင်းလေးရှိရာ တိုက်ကြီးမြို့နယ် တာဂွကျေးရွာလေးကိုဆိုက်ရောက်ခဲ့ပါတယ်။

ထို့နောက် ACT ကျောင်းလေးရှိရာသို့ ရန်ကုန်ပြည်လမ်းရဲ့ လမ်းခွဲလေးတခုဖြစ်တဲ့ သရက်ချောင်းလမ်းအတိုင်း

လမ်းလျှောက်သွားခဲ့ကြပါတယ်။ ၁၀မိနစ်ခန့် လျှောက်လိုက်ပြီးမှာတော့ ACT ကျောင်းကိုရောက်ရှိခဲ့ပါတော့တယ်။

ရောက်ရောက်ချင်းမှာပဲ ကျောင်းထိုင်ဆရာတော် ဦးဇောတိက၊ Manager ဦးအောင်မြင့်ထွန်း နှင့် စေတနာဆရာ

ဦးလှမိုး တို့ကို သိချင်တာများကို မေးမြန်းစုံစမ်းခဲ့ပါတယ်။ အဲဒီနောက်မှာ ကျောင်းဝန်းအတွင်းလေ့လာကြည့်ရှု့ကြပြီး၊ ကလေးများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ ACT ကျောင်းလေးမှ ပြန်လည်ထွက်ခွါ ခဲ့ကြပါတယ်။

အပြန်ခရီးမှာတော့ ပြာလဲ့တဲ့ကောင်းကင်၊ စိမ်းစိုတဲ့လယ်ကွင်း တွေနဲ့အတူ ကျွန်တော်ရဲ့အာရုဏ်မှာ မိမဲ့ဖမဲ့ အထီးကျန်နေသော ကလေးများရဲ့ ပုံရိပ်များက ထင်ဟပ်လျက်…………………….

img_4463-b

November 2, 2008 Posted by charityforhuman | သတင်း | | No Comments Yet

လှုဒါန်းနိုင်ရန်နှိုးဆော်ချက်

မိဘမဲ့လူငယ်ဖွံ့ဖြိုးရေးအေးချမ်းသာပရဟိတသင်တန်းကျောင်း

တာဂွကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်း။

၁။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ တွင် ဘုန်းတော်ကြီး ကျောင်း ပညာသင်ကြားရေးနှင့် မိဘမဲ့လူငယ်ဖွံ့ဖြိုးရေးမင်္ဂလာပရဟိတသင်တန်းကျောင်းရှိ မိမဲ့၊ ဖမဲ့၊ မိဘမဲ့ ဆင်းရဲနွမ်းပါးကလေးသူငယ်များ (တိုင်းရင်းသားများ) ကိထိန်းသိမ်းစောင့်ရှောက်ကျွေးမွေးထားရာ ၂၀၀၁ မှ ယနေ့တိုင် ရှိခဲ့ပါသည်။

၂။ ထိုကျောင်းသား၊ ကျောင်းသူကလေးများကို နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက်

အသိမကြွယ်နားမလည်သေးသော ကလေးသူငယ်များကို လူ့ဘ၀၊ လူ့လောကအလယ်မှာ အသိပညာ၊ အတက်ပညာများ ပြည့်စုံလာ၍ လိမ္မာရေးခြားရှိစေရန် ပြုစုပျိုးထောင်ကျွေးမွေးလျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ စား၊ ၀တ်၊ နေရေး ပညာရေးနှင့် ကျန်းမာရေးပါ အဆင်ပြေပြည့်စုံသွားအောင် စေတနာရှင်၊ ကုသိုလ်ရှင်များဖြစ်ကြသော ပါရမီရှင်များမှ ကူညီထောက်ပံ့လှုဒါန်းကျွေးမွေးကြပါရန် ကောင်းကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ကျွေးမွေးလှုဒါန်းလိုပါက

*ကလေးတဦး တရက်လျှင် ၁၀၀၀/-ကျပ် နှုန်းဖြင့် ကျွေးမွေးလှုဒါန်းနိုင်ပါသည်။

*ကျန်းမာရေးအတွက် ဆေးပစ္စည်းများ……

*ပညာရေးအတွက် စာရေးကရိယာများ……

*အ၀တ်အစားများ ကိုလည်း…..

လှုဒါန်းနိုင်ကြပါသည်။

ဆက်သွယှ်ုဒါန်းလိုပါက ၀၁-၆၂၉၇၅၈

မိဘမဲ့လူငယ်ဖွံ့ဖြိုးရေးအေးချမ်းသာပရဟိတသင်တန်းကျောင်း

တာဂွကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်း။

မှတ်ချက်။ ။မိဘမဲ့ကလေး ကျောင်းသား (၇၀)ဦး

ကျွန်တော်တို့CFH charity group အနေနဲ့ ၁၂ရက် နိုဝင်ဘာလ ၂၀၀၈ ခုနှစ် တွင် သွားရောက်လှုဒါန်းမည်ဖြစ်ပါသည်။

အလှုငွေများကိုလည်း ထည့်ဝင်နိုင်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အလှုငွေများကို ၁-၁၁-၀၈ မှ ၁၀-၁၁-၀၈ အထိလက်ခံသွား

မည်ဖြစ်ပါသည်။

ဆက်သွယ်လှုဒါန်းနိုင်ရန်………….


ကိုခင်ဇော်ဝင်း

အမှတ်-၁၀၇၊ပထမထပ်၊စဉ်းအိုးတန်းလမ်း၊လသာမြို့နယ်၊ရန်ကုန်။

ဖုန်း-၃၇၁၁၀၅-၂၅၀၆၇၂-၂၅၀၇၃၄-၀၉၅၁၅၄၃၄၂

ဖက်စ်-၂၅၀၆၇၂

khinzawww@gmail.com

YOU CAN DONATE FUND THROUGH KBZ BANK ALL AROUND MYANMAR!

Bank Acc No. 0041210189039 (KBZ Bank,Lanmadaw Branch)

Name of Acc - U KHIN ZAW WIN

NRC No. – 12/DALANA(N)042894

PHONE No. – 09-51-54342

THIS ACCOUNT IS ONLY FOR FUND OF CHARITY FOR HUMAN ACTIVITIES

***(ရန်ပုံငွေ/အလှုငွေ အတွက် Bank တွင်ငွေလွှဲပြီးပြီးချင်း ကျွန်တော် ခင်ဇော်ဝင်းထံသို့ တနည်းနည်းဖြင့် အကြောင်းကြားပေးပါရန်။)***

ကိုဝေယျာမြင့်အောင်

ဖုန်း-၀၉၈၀၂၃၀၅၆

ဖုန်း-၀၉၅၁၃၀၃၈၈

email-waiyar.67@gmail.com

November 1, 2008 Posted by charityforhuman | Uncategorized | | No Comments Yet