Charity For Human

If you are for all, all will be for you.

ကျိုက်ထီးရိုးလိုက်ကြအုံးမလားဗျို့…………………….

ကျိုက်ထီးရိုးလိုက်ကြအုံးမလားဗျို့…………………….

သူငယ်ချင်းတို့ရေ 2009 ဇန်န၀ါရီလ ဒုတိယအပတ် စနေ၊တနင်္ဂနွေမှာ ကျိုက်ထီးရိုးဖုရားဖူး ခရီးကို CFH Group ၏ စီစဉ်မှုဖြင့် သွားရောက်ကြမှာ ဖြစ်ပါတယ်။ ၉-၁-၂၀၀၉ သောကြာနေ့ည ကားထွက်မှာဖြစ်ပြီး ၁၀-၁-၂၀၀၉ စနေနေ့ မနက် ဘုရားပေါ်သို့တက်ရောက်ကြကာ ၁၁-၁-၂၀၀၉ တနင်္ဂနွေ မနက်တွင် ဘုရာပေါ်မှ ပြန်ဆင်းပြီး ရန်ကုန်မြို့ သို့ ပြန်လည် ထွက်ခွာပါမည်။ ရန်ကုန်သို့ အပြန်လမ်းတွင် ကျိုက်ထိုမြို့ ရှိ ကျိုက်ပေါလောမျက်ရှင်တော် ဘုရားကို ၀င်ရောက်ဖူးမျှော် ပြီး ဆက်လက်၍ ပဲခူးရှိ မြွေမယ်တော်နှင့် ရွှေမော်ဓောဘုရားကြီး များသို့ ၀င်ရောက်ဖူးမျှော်ကြပြီး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ ကြမည်ဖြစ်ပါသည်။

ခရီးစဉ်တလျှောက်တွင်လည်း အပြန်အလှန် မိတ်ဆက်ပေးခြင်း နှင့် Game ကစားခြင်းများ၊ ရေတံခွန် ခရီးနှင့် ကျီးကန်းပါးစပ် တို့သို့ သွားရောက်လည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အဖွဲ့လိုက် ဓါတ်ပုံရိုက်ခြင်း၊ နံနက်စောစောပိုင်းနှင့် ညပိုင်းများတွင် ဘုရားကန်တော့ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း၊ ပန်း၊ ဆီမီး၊ရေချမ်း၊ အမွှေးနံ့သာများ ဆပ်ကပ်လှုဒါန်းခြင်း တို့ကို ဆောင်ရွက်ကြမှာ ဖြစ်ပါသည်။

အစီအစဉ် အသေးစိတ် နှင့် တည်းခိုသည့်နေရာ၊ ခရီးကုန်ကြစရိတ် စသည် တို့ကို မကြာမီ ဆက်လက်ဖော်ပြပေးပါမည်။

ဤခရီးစဉ်ကို စိတ်ပါဝင်စား လိုက်ပါချင်သူ သူငယ်ချင်းများ အနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ကြစေရန် အသိပေး အကြောင်းကြားအပ်ပါသည်။

သူငယ်ချင်းများအား အစဉ်လေးစားလျက်……..

ခင်ဇော်

December 10, 2008 - Posted by charityforhuman | Uncategorized | | No Comments Yet

No comments yet.

Leave a comment